Q. Internet လိုင်းတပ်ချင်လို့ပါ??

ဟုတ်ကဲ့ပါရှင့်။တပ်ဆင်လိုပါက ဖော်ပြပါ Link တွင်စာရင်းပေးသွင်းနိုင်ပါတယ်ရှင်။ထို့နောက်သက်ဆိုင်ရာဌာနဘက်မှ စစ်ဆေးဆောင်ရွက်ပေးပါလိမ့်မယ်ရှင်။

Application Form

Q. လိုင်းရတယ်ဆို တပ်ဆင်ဖို့ဘယ်လိုစာရင်းပေးရမလဲ??

လူကြီးမင်းအနေနဲ့ စက်တပ်ဆင်လိုပါက အမည်၊ဖုန်း၊လိပ်စာအပြည့်အစုံနဲ့ အသုံးပြုလိုတဲ့ Plan တို့ကို  စာရင်းပေးသွင်းရန် ကိုနှိပ်၍ စာရင်းပေးသွင်းနိုင်ပါတယ်ခင်ဗျ။

Application Form

Q. စာရင်းပေးပြီးရင်လာရောက်တပ်ဆင်ဖို့ ဘယ်လောက်ကြာလဲ?

ဟုတ်ကဲ့ရှင့်။ တပ်ဆင်ပေးဖို့စာရင်းပေးပြီး ၁ပတ် အတွင်းတပ်ဆင်ပေးပါတယ်ရှင်။

Q: လုပ်ငန်းသုံး DIA လိုင်းတပ်ဆင်ချင်လို့ပါ..ရနိုင်မလား?

DIA Internet တပ်ဆင်လိုပါက ဖော်ပြပါ Link တွင်အသေးစိတ်ဖြည့်စွက်ပြီးစာရင်းပေးသွင်းနိုင်ပါတယ်ရှင်။ သက်ဆိုင်ရာဌာနမှဆက်သွယ်ဆောင်ရွက်ပေးပါလိမ့်မယ်ရှင့်။

Application Form

Q: Plan change ချင်လို့ပါ..ချိန်းလို့ရလားသိချင်ပါတယ်

Plan ပြောင်းလိုပါက Facebook page  Messenger သို့ အမည်၊ဖုန်း၊User ID နှင့် ပြောင်းလိုတဲ့ Plan တို့ကိုပြောကြားပေးပါရှင်။ သက်ဆိုင်ရာဌာနဘက်မှဆက်သွယ်ဆောင်ရွက်ပေးပါလိမ့်မယ်ရှင်။

Q: Name Change/Contact ph; no; Changeချင်လို့ပါ ချိန်းလို့ရလား။

User Name / Ph နံပါတ်ပြောင်းလိုပါက Facebook Page Messenger သို့ အမည်၊ဖုန်း၊ User ID တို့နှင့်ပြောင်းလိုတဲ့ User name အသစ်၊ Ph နံပါတ်အသစ်တို့ကိုပြောကြားပေးပါခင်ဗျ။

Q: Relocation လေး လုပ်ချင်လို့ပါ.

Relocation ပြုလုပ်လိုပါက Facebook Page Messenger သို့ အမည်၊ဖုန်း၊User ID နှင့် Relocation လိပ်စာတို့ကိုပေးပို့ပေးပါရှင်။ သက်ဆိုင်ရာဌာနမှဆက်သွယ်ဆောင်ရွက်ပေးပါလိမ့်မယ်ရှင်။

Q: အပြင်သွားရင်သယ်သွားလို့ရတဲ့ဟာရှိလား?

အပြင်သွားရင်းအသုံးပြုလိုတယ်ဆိုရင်တော့ ခဲခြစ်ကတ်များရှိပါတယ်ရှင်။ လှိုင်၊စမ်းချောင်း၊ကမာရွတ်နဲ့ ဒဂုံမြို့နယ်တို့မှာအသုံးပြုနိုင်ပါတယ်ရှင့်။

Q: data က unlimited လား

ဟုတ်ကဲ့ data ကတော့ unlimited ပါရှင့်။

Q: ဘယ်နှစ်ယောက်သုံးလို့ရလဲ

လူဉီးရေနဲ့တော့ ကန့်သတ်မထားပါဘူးရှင့်။ လူကြီးမင်းတို့အသုံးပြုပေါ်မူတည်ပြီးတော့ရွေးချယ်အသုံးပြုလို့ရပါတယ်ရှင်။

Q: ၃လစာကြိုပေးပြီးရင် နောက်လတွေ ၁လချင်းစီပေးလို့ရလား

ဟုတ်ကဲ့ ၄ လမြောက်ကျရင်တော့ ပုံမှန်တစ်လချင်းစီပေးသွင်းလို့ရပါတယ်ရှင်။

Q: ဘေလ်ကအိမ်လာကောက်ပေးလား

ပထမဦးဆုံး လအတွက်ဘေလ်ကိုတော့ လာရောက်ကောက်ခံပေးပါတယ်ရှင်။

Q: လိုင်းယာယီပိတ်ချင်လို့ရလား။(Suspension)

လိုင်းပိတ်လိုပါက Facebook page  Messenger သို့ အမည်၊ဖုန်း၊User ID နှင့် လိုင်းပိတ်ထားမဲ့အချိန်တို့ကိုပြောကြားပေးပါရှင်။ သက်ဆိုင်ရာဌာနဘက်မှဆက်သွယ်ဆောင်ရွက်ပေးပါလိမ့်မယ်ရှင်။

Q: လိုင်းပိတ်ချင်လို့ပါ ။(Termination)

လိုင်းပိတ်လိုပါက Facebook page  Messenger သို့ အမည်၊ဖုန်း၊User ID နှင့် လိုင်းပိတ်ထားမဲ့အချိန်တို့ကိုပြောကြားပေးပါရှင်။ သက်ဆိုင်ရာဌာနဘက်မှဆက်သွယ်ဆောင်ရွက်ပေးပါလိမ့်မယ်ရှင်။

Q: Bill promotion ရှိလား?

ဟုတ်ကဲ့ရှင့်။ ၆လစာပေးသွင်းပါက ၁လအခမဲ့၊ ၁နှစ်စာပေးသွင်းပါက ၂လအခမဲ့ရရှိနိုင်ပါတယ်ရှင်။

Q: Bill Invoice မရောက်လို့ပါ..ပို့ပေးပါလား?

Bill Invoice မရသေးပါက Facebook Page Messenger သို့ အမည်၊ဖုန်း နှင့် User ID အားပေးပို့ပေးပါရှင်။ သက်ဆိုင်ရာဌာနမှပေးပို့ပေးပါလိမ့်မယ်ရှင်။

Q: ဘေလ်ဆောင်တာနောက်ကျသွားရင် ဒဏ်ကြေးရှိလား?

ဒဏ်ကြေးတော့မရှိပါဘူးရှင့်။ သတ်မှတ်ထားတဲ့ ရက်ကျော်သွားရင်တော့ လိုင်းပျက်တောက်တာမျိုးရှိနိုင်ပါတယ်ရှင်။

Q: ဘေလ်မဆောင်မိလို့ လိုင်းပိတ်သွားတာ ပြန်ဖွင့်ချင်တယ် ဘယ်လိုလုပ်ရမလဲ?

လစဉ်ကြေးပေးဆောင်ပေးပြီး ပြေစာနှင့်  User IDကို Facebook Page messenger သို့ပေးပို့ပေးပါရှင်။ သက်ဆိုင်ရာဌာနမှစစ်ဆေးပြီးလိုင်းဖွင့်ပေးပါလိမ့်မယ်ရှင်။

Q: ဘေလ်ဆောင်ပြီး ဘယ်ချိန်လိုင်းပြန်ပွင့်လဲ?

ဘေလ်ဝင်ပြီး ၂၄နာရီ အတွင်းတော့ လိုင်းလေး ပြန်ပွင့်ပါတယ်ရှင်။

Q: LOS မီးနီလင်းပြီး သုံးမရလို့ပါ?

မီးနီလင်းနေပါကစက်ကို ၁၅မိနစ်ပိတ်ပြီးပြန်လည်အသုံးပြုကြည့်ပေးပါရှင်။ မရရှိသေးပါက Facebook Page Messenger တွင် အမည်၊ဖုန်း၊User ID တို့ကိုပြောကြားပြီးComplain တင်နိုင်ပါတယ်ရှင်။ Complain form မှလည်းတိုက်ရိုက် Complain တင်နိုင်ပါတယ်ရှင်။

complain တင်ရန်

Q: လိုင်းနှေးနေလို့ပါ(Browsing Slow).. ဘာမှအသုံးပြုလို့မရလို့ပါ?

စက်ကို ၁၅မိနစ်ပိတ်ပြီးပြန်လည်အသုံးပြုကြည့်ပေးပါရှင်။ မရရှိသေးပါက Facebook Page Messenger တွင် အမည်၊ဖုန်း၊User ID တို့ကိုပြောကြားပြီးComplain တင်နိုင်ပါတယ်ရှင်။ Complain form မှလည်းတိုက်ရိုက် Complain တင်နိုင်ပါတယ်ရှင်။

Complain တင်ရန်